Dhamma · Reflection · Statements · Peaceful Communication
Archive and publication page · Use Search, Topics, or the Month & Year archive to locate related materials.

Office Of Siridantamahapalaka: ဓာတုသာသနာကွယ်ပုံ

Chronological Archive

ဓာတုသာသနာကွယ်ပုံ

ဓာတ်တော်မွေတော် ကြွင်းပါသော်လည်း၊
 ချွတ်ချော်သာသနာ နောင်သောခါဝယ်၊ 
ရှိန်ဝါပျက်ကြွေ ကွယ်ပချေသော်၊ 
ထွေထွေရပ်နယ် ဓာတ်သွယ်သွယ်လည်း၊ 
ကိုးကွယ်ကြမည့် လူမရှိ၍၊ 
ဗောဓိပင်မှာ စုပေါင်းကာဖြင့်၊ 
ရောင်ဝါလွှတ်ပြီး ရွှေတုံးကြီးသို့၊ 
ဓာတ်မီးလောင်တောက် ကုန်ဆုံးပျောက်က၊ 
လာရောက်ကြရှာ နတ်ဗြဟ္မာတို့၊ 
သာသနာဗုဒ္ဓ ယခုမှပင်၊ 
မုချအတည် ကွယ်ရပြီဟု၊ 
ငိုမြည်းတမ်းတ သံဝေဂဖြင့်၊ 
မရယူကြုံး ကိုယ်စိတ်ချုံးသည်၊ 
နောက်ဆုံးသာသနာပွဲတော်ပါဘုရား။